Forever Ðÿ’Š (Unicode And Zawgyi) Completed ၂၁

A+ A-

Unicode …..

ရှိုင်းခေတ်…

ညနေ ၃ နာရီကျော်တော့ အားလုံးဘုရားပေါ်တက်ကြတယ်.အရင်ဆုံးအထက်ခြေတော်ရာ.မုဆိုးတောင်စသဖြင့်နေရာစုံပေါ့….

” ကိုကို ဒီ မုဆိုးကြီးက ဘာလို့မြှားကိုင်ပြီး ဒူးထောက်နေရတာလဲဟင် “

” ဒီလိုလေ..သားသားရဲ့
ဟိုရှေးတုန်းက မြတ်စွာဘုရားရှင်လက်ထက်က ဘုရားက ဒီနေရာကို ကြွလာရင်း ( ရွှေစက်တော်ဘုရား)
မုဆိုးတစ်ယောက်ကိုတွေ့တယ်လေ
အဲ့မုဆိုးက တစ်နေ့နဲ့ တစ်နေ့ သမင်တွေကိုသတ်ပြီး သက်မွေးဝမ်းကြောင်းပြုတော့ ဘုရားကအဒါကို သိတော့ အဲ့မုဆိုးနဲ့အပေးယူတစ်ခုပြုတာပေါ့
ဘုရားက တစ်​နေ့ကို အထီးနဲ့ အမ နှစ်ခုထဲကတစ်ခုကိုပဲ ကြိုက်တာရွေးပြီးပစ်ခိုင်းတယ်.အဲ့တော့ မုဆိုးက ဒီနေ့အမပဲ ပစ်မယ်ဆို ဘုရားက အထီးတွေပဲလွှတ်ပေး. မုဆိုးက ဒီနေ့ အထီးပစ်မယ်ဆို ဘုရားက အမ တွေပဲလွှတ်ပေး အဲ့တော့မုဆိုးက ကြာလာတော့ ဘုရားကိုအရှုံးပေးပြီးတရားရသွားတာပေါ့ အဒါကြောင့် မုဆိုးက လေး(မြှား) ကိုင်ပြီး ဒူးထောက်နေတဲ့ပုံဖြစ်နေတာ.မုဆိုးတောင် လို့လည်းခေါ်တာလေ…”

” အော်….”

သားသားက ဘုရားသမိုင်းကြောင်းပြောပြတော့စိတ်ဝင်တစားနဲ့နားထောင်နေလေရဲ့….

” wow……ဟုတ်ကဲ့
အခုလို ရှင်းပြပေးတဲ့အတွက် ဒီက ညီလေးကိုအထူးကျေးဇူးတင်ပါတယ်ကွာ
😁”

” ဟေ့ရောင် နောက်မနေနဲ့ငါအတည်ပြောနေတာ…..”

” အော်…ဟုတ်ကဲ့ပါဗျာ…..
Sorry ပါ sorry sorry…”

” ဦဦးက လည်း ကိုကို ကိုနောက်မနေနဲ့
ဦးဦးတောင်သိတာကျနေတာပဲ…😏”

” ဟာ မင်းက ဦးလေးအရင်းငါ့ထက်
မင်းကိုကိုဘက်ကိုလိုက်နေတယ်
ဟလား အန် …ပိစိစုတ် “

” ဘာဖြစ်လဲ. လိုက်မှာပဲ
ဟုတ်တယ်နော် ကိုကို..
ကိုကိုက အတော်ဆုံးပဲ….😁 “

” ဟုတ်ပါ့ကိုကိုက အတော်ဆုံး..😁”.
.
.
.
.
.
.
.
.
.

သူတို့ကို ပျော်ရွှင်ခြင်းတွေနဲ့ရော…ရင်နာမှုတွေနဲ့​ကော ကြည့်နေတဲ့ သူတစ်ယောက်ကိုတော့ သူတို့သတိမထားမိကြပါဘူး…

နေရာအတော်များလည်ပြီး တောင်အောက်ပြန်ဆင်းလာတော့ တစ်ခါထဲပဲ
အောက်ခြေတော်ရာဘက်သွားဖြစ်တယ်.

တောင်အောက်စျေးတန်းထဲတွင်…

စစ်ခွန်း….
ရွှေစက်တော်ရောက်
အမှတ်တရ အိကျီ
အရင်ဒီကိုရောက်ရင် ပိုက်ဆံမတတ်နိုင်လို့ အခုလို အိကျီ တောင်မဝယ်နိုင်လို့မဝယ်ရဘူး…..
ထားပါလေ မနက်ပြန်ခါနီးမှပဲဝယ်တော့မယ်…
အောက်ခြေတော်ရာဖူးပြီးဆက်သွားတော့ ……

” ကိုကို ဒီရေက တကယ်ကျန်းမာရေးကောင်းတာလားဟင်..”

” အင်း..ကိုကိုလည်း ငယ်ငယ်က ကြားဖူးတာတော့ ဒီရေနဲ့ မျက်နှာသစ်ရင် အသားအရည်လှပြီး ကျန်းမာရေးကောင်းတယ်လို့တော့ကြားဖူးတာပဲ
သေချာတော့မသိပါဘူး….”

ဒီကလေးဟာလေ တစ်ချိန်လုံး ကျွန်တော့် နားပဲကပ်ပြီး သူ့အဖေကိုရှိတယ်လို့တောင်မသတ်မှတ်ဖူး.မသိရင် ကလေးအဖေက ကျွန်တော့်ကျ​နေတာပဲ…ဟိုနှစ်ယောက်ကတော့ လူပျိုပေါ့ 🙄.
ကလေးရယ် ဒီလောက်ချစ်ဖို့ကောင်းပြီးကျွန်တော့်ကို တွယ်ကပ်နေတာ ကျွန်တော်ဘယ်လိုများ အနေဝေးအောင် နေနိုင်ပါ့မလဲ 😴

.
.
.
.
.
.
.
..
.
.
.
.
.
.
.
.
.
ရှိုင်းခေတ်

ည ၁၀ နာရီလောက် အခန်းပြန်ရောက်တော့ အဝတ်စားတွေ လဲပြီး အားလုံးအိပ်ကုန်ကြပြီး. သားသားကတော့ သူ့ကိုကိုနဲ့အိပ်မယ်ဆိုပြီးနှစ်​ယောက်အတူ စောစောထဲက အိပ်သွားကြပြီ.သားလေးက သူ့ကိုကို ကို အရမ်းခင်တွယ်တာပဲ.အရမ်းလည်းချစ်ပုံ….ချစ်မှာပေါ့လေ……..

နေ့လည်က မင်းမြတ် ပြောတဲ့စကားတွေကိုနားထဲမှာ ကြားယောင်နေတုန်းပဲ……..
ငါဘယ်လိုလုပ်ရပါ့မလဲ……..
ငါရွေးချယ်တာ မှားသွားပြီလား..
မဟုတ်ဘူး…ငါမမှားဘူး…..
ငါသာ အဲ့တုန်းက ရူးမိုက်ခဲ့မယ်ဆို
ခွန်းရဲ့ ဘဝက ဒီလိုဖြစ်နေမှာမဟုတ်ဘူး…….
ငါမမှားဘူး…….
အချိန်တွေကိုသာနောက်ပြန်ဆုတ်ခွ့င်ရမယ်ဆိုရင်လည်း ငါတူညီတဲ့ ရွေးချယ်မှုကိုပဲ ရွေးချယ်ခဲ့ဦးမှာ……

ကို့ကိုမုန်းပါ…..သေလောက်အောင်…
ခွင့်မလွှတ်နိုင်အောင်မုန်းလည်းရပါတယ်……

December 27….11:50 pm

ဟူး…….စဥ်းစားနေရင်း အချိန်တောင်အတော်လင့်သွားပြီ
အိပ်မယ်ကြံတုန်း….ခြေသံဖွဖွကြားလိုက်ရတော့……

.
.
.
.
စစ်ခွန်း……..

တစ်နေကုန်ပင်ပန်းနေတာကို ဘာလို့ အိပ်မပျော်လဲ မသိဘူး…သားသားကတော့ နှစ်နှစ်ခြိုက်​ခြိုက် ကိုအိပ်နေပြီ..ဟိုဘက်ကိုကြည့်တော့လည်း
ဟယ်ရီရော..ကိုရှိုင်းရော အိပ်ပျော်နေပြီထင်လို့ အပြင်ထွက်ပြီးလေညင်း ခံချင်တာနဲ့ တစ်ယောက်ထဲ အ​​ပြင်ထွက်လာခဲ့တယ်…..

ဝါးလုံးတန်းပေါ်ထိုင်ရင်း
( ရေစပ်နားဆိုတော့ ဝါးလုံးတွေနဲ့ လူထိုင်ဖို့လုပ်ထားတဲ့နေရာပါ အဆောင်တွေရှေ့မှာ လုပ်ထားတဲ့နေရာပါ)

ခနကြာ နောက်မှာ လူသံကြားလိုလှည့်ကြည့်လိုက်တော့…

” ခွန်းရော အိပ်မပျော်လို့လား…”

” ဆိုပါတော့…. “

ဘေးနားလာထိုင်ပြီး အချိန်တော်ကြာဘာစကားမှ မပြောဖြစ်ကြဘဲ လေညင်းသံလေးတွေနားထောင်နေကြတယ်  ပြီးမှ သူ့ဆီက ထွက်လာတဲ့ စကားသံ…….

12:00 AM..ထိုးပြီး

” Happy birthday ပါ “

1 စက္ကန့်
2 စက္ကန့်
3 စက္ကန့်
4 စက္ကန့်
5 စက္ကန့်

ကျွန်တော်တို့နှစ်ယောက်  နားမလည်နိုင်တဲ့အကြည့်တွေနဲ့  ကြည့်နေမိကြတယ်…ဘာလို့လဲ…..ဘာလို့ရင်တွေနာနေရတာလဲ….စစ်ခွန်း  …မင်းက…
မင်က တကယ်ကို အရူးကောင်ပဲ…အရူးတောင်မှနောက်ဆုံးအဆင်းအရူး..ဟက်….

လက်ထဲထည့်ပေးလာတဲ့ အဖြူရောင်ပလတ်စတစ်အိတ်ထဲက အဖြူရောင်အဝတ်စတစ်ခု ပြောရမယ်ဆိုရင် အဖြူရောင်အိကျီ တစ်ထည်…..
အိကျီမှာ ရေးထားတဲ့စာက

* ရွှေစက်တော်ရောက် အမှတ်တရ *

” ကျေး…………
ကျေးဇူးပါ…..😥…”

” နောက်ကျနေပြီ အပြင်မှာလဲ အေးတယ်….ကိုတို့ အထဲဝင်ရအောင်လေ..”

” အင်း…
ဝင်ရအောင်လေ…”

တစ်ယောက်ယောက်ကလည်း သူတို့မမြင်အောင် အခန်းထဲကို အမြန်ဝင်သွားလေရဲ့…
.
.
.
.
.
.
.
.
.
.
.
.
.

မကွေး မြသလွန်စေတီတော်

မနက်စောစောပဲ မကွေး မြသလွန်ကိုသွားကြတယ်.ဘုရာကနေမှ တစ်ခါတည်း.ကျွန်တော်တို့ရွာကို သွားမယ်ဆိုပြီး.. အစကတော့ ကျွန်တော်နဲ့ ဟယ်ရီ ပဲ ရွာသွားဖြစ်မယ်ထင်ထားတာ အခုတော့ ရှိုင်းလေးကလည်း ရွာဘက်လိုက်ချင်တယ်ဆိုလို့ သားဖနှစ်ယောက်လုံး ပါလာတယ်.
မြသလွန် ရောက်တော့…

” ခွန်း….. Happy Birthday ပါ….”

၅ လက်မ ပတ်လည် ဘူးအမဲလေးတစ်ခုလက်ထဲပေးလာတယ်…….

.
.
.
.
ဖွင့်ကြည့်လိုက်တော့……

ယောက်ကျားဝတ်     နာရီတစ်လုံး
ကြည့်တာနဲ့  ဘရန်း. ဖြစ်မဲ့ပုံ…

” ကျေးဇူးပါကွာ……. 😊”

မွေးနေ့တိုင်း ထူးထူးခြားခြားမလုပ်ဖြစ်တဲ့ကျွန်တော် တစ်ခါတလေ ဆို ကျွန်တော့်မွေးနေ့က ဒီနေ့ဆိုတာတောင်မသိဘူး.ဟယ်ရီက Happy birthday လို့ပြောမှ မွေးနေ့မှန်းသိတာ…ဒီနှစ်မွေးနေ့ကတော့ တမူထူးခြားနေတယ်ထင်တာပဲ…
နှစ်တိုင်း…မပျက်မကွက် မမေ့မလျော့
Happy birthday ပါပြောပြီး လက်ဆောင်ပေးတတ်တဲ့ ဟယ်ရီကိုတကယ်ပဲကျေးဇူးတင်တယ်…

မကွေးကနေ…….တစ်နာရီနီးပါး မောင်းလာပြီး တစ်နေရာရောက် တွေ့ပါပြီဗျာ ရွာအဝင်လမ်း….ကားလမ်းမကြီးကနေ ရွာထဲရောက်ဖို့ ၅ မိနစ်လောက်မောင်းပြီးရွာထဲရောက်တော့ ရွာထုံးစံအတိုင်း ဖုန်လုံးကြီး က ကြိုဆိုလိုက်တာ ကိုရှိုင်းရဲ့ကားအမဲကအဖြူရောင်ပြောင်းသွားခဲ့ပြီး…😂

အဖိုအဖွားတို့အိမ်ဘက်ပဲသွားတယ်.ရွာမှာကျွန်တော်တို့အိမ်က ရန်ကုန်လာတည်းကအ​မေတို့က အိမ်ကိုရောင်းပစ်ခဲ့တော့ အဘတို့ မေရီးတို့အိမ်ပဲရှိတော့တယ်…ဒါမဲ့လည်း စိတ်မပူပါနဲ့ နေစရာတစ်အိမ်ပဲ့ရှိတာမဟုတ်ပါဘူး……တစ်ရွာလုံးနီးပါးက လက်ညှိိိုးထို့မလွဲ အကုန်ကို့အမျိုးတွေချည်းပဲကို 😂

ခြံထဲဝင်တော့ ပေနှစ်ရာဝန်းကျင်ခြံထဲမှာ  နွား တွေနဲ့ ဘူးပင် ချဥ်ပေါင်ပင်..မျိုးစုံပဲ…

ကားအကောင်းစားကြီး ဝင်လာတော့ မေရီးနဲ့အဘက အထူးဆန်း ထွက်ကြည့်ကြတယ်….

“  မေရီး အဘ…..  😂 “

” အော်…ငါ့မြေး    မေရီက ကားကြီးနဲ့ဘယ်သူလဲလို့   ငါ့မြေးကို 
ဘယ်လိုရောက်လာတာလဲ “

” မေရီးသားတစ်​​ယောက်ထဲမဟုတ်ဘူး သား အသိတွေနဲ့ မကွေးဘုရားဖူးရင်း
ရွာဝင်လာတာ…”

” အော်…..”

” ဖွားဖွား….မဂ်လာပါ….
သားသားက ရှိုင်းစစ်ပါ  😊”

” ဟောတော်…​မြေးလေးက ချစ်ဖို့ကောင်းလိုက်တာ
စကားကလည်းတတ်…”

အဘ..”  အိမ်ထဲဝင်ကြလေ…
မင်းတို့တွေ တောမှာ နေရောနေတတ်ပါ့မလားကွာ….”

ဟယ်ရီ.. ” အဖိုးကလည်း  ဒီလောက်တော့နေတတ်ပါတယ် 😁”

ရှိုင်း.. ” ကျွန်တော်တို့ အဆင်ပြေပါတယ် အဖိုးနဲ့အဖွား…”

အဘ “အေးအေး……….
မင်းတို့အေးဆေးနေကြ
ငါ ယာထဲသွားလိုက်ဦးမယ်…”

” ဟုတ်အဘ..”

” အေးကွယ်..မင်းတို့ ထမင်းရောစားပြီးပြီလား……..ထမင်းတွေရှိတယ်
မင်းတို့တစ်ခါတည်းစားလိုက်ပါလား”

ရှိုင်း… ” အဖွား.. ကျွန်တော်တို့ မကွေးမှာတည်းက စားပြီးသွားပြီ…ညနေမှပဲ စားလိုက်တော့မယ်ဗျ…”

” အေးပါအေးပါ…
မေရီး သားတို့နားဖို့ အိမ်ပေါ်ကိုသွားရှင်းပေးမယ်ခနစောင့်နော်…”

စစ်.. ” မေရီး သားလည်းလုပ်ပေး                         
           လုပ်ပေးမယ်….”

ရှိုင်း…” ကျွန်တော်တို့ကြောင့် အလုပ်ရှုပ်သလိုဖြစ်သွားရင်…တောင်းပန်ပါတယ်အဖွား….”

” မဟုတ်တာ………ဘယ်နယ့်တော်….မင်းတို့ ၃ ယောက် ထမင်ကျွေးရတာကတော့ ဘာမှပြောစရာကိစ္စမဟုတ်ဘူး…အေးဆေး လွတ်လွတ်လပ်လပ်လပ်သာနေကြကြားလား…”

ရှိုင်း..ဟယ်ရီ..” ဟုတ်..အဖွား ကျေးဇူးပါ ..”

ရှိုင်းခေတ် ……

ခွန်းလေး အဖိုးအဖွားတွေရဲ့ သဘေကောင်းပြီးဧည့်ဝတ်ကျေးမှုကတော့ တကယ်ကိုလေးစားစရာပါ……

” ကဲ …ငါ့​​မြေး တို့ အပေါ်မှာ အေးဆေးနားကြနော်…..ထမင်းတွက်ဘာမှစိတ်မပူနဲ့ကြားလား….”

” ဟုတ်ကဲ့ပါအဖွား…”

အိမ်ပေါ်ရောက်တော့ ကြမ်းခင်းထားတဲ့အပေါ်မှာ ဖျာလေးနဲ့ ဘေးမှာစောင်တွေနဲ့.ကျွန်နော်တို့ ၄ ယောက်အတွက်တော့ အနည်းငယ်ကျပ် မယ်ထင်တယ်…

” အဆင်ပြေသလိုပဲအိပ်ရမယ် ထင်တယ်……
အားနာပါတယ်……. တောမှာတော့ ဒီလိုပဲ အိပ်ကျတာလေ..”

ဟယ်ရီ..” ရပါတယ်ကွာ…
              ဒါလည်းတောရဲ့အတွေ့အကြုံတစ်ခုပေါ့   ဘာအားနာစရာလိုလို့လဲ
အဖွားတို့ က သဘောကောင်း လွန်းလို့တောင်ငါတို့ကအားနာနေတာ…
ဟုတ်တယ်မလား ကိုငယ်….”

ရှိုင်း…..” ဟုတ်ပါတယ်….ခွန်းအားနာစရာမလိုပါဘူး     ကိုတို့ကတောင်ကျေးဇူးတင်နေတာ…”

စစ်ခွန်း….

ကျွန်တော်လည်းအိပ်မပျော်တာနဲ့ မေရီးဟင်းချက်တာ ကူဖို့ထလိုက်တော့ ကိုရှိုင်း မရှိဘူး…ဘယ်သွားပါလိမ့်….
အိမ်အောက် မီးဖိုချောင်ရောက်တော့
ချင်ပေါင်ရွက်သင်နေတဲ့ ကိုရှိုင်းခေတ်
မျက်နှာမှာလဲ အုန်းမဲ က ဟိုပေဒီပေ
ကြွက်စုတ်ရုပ်လေးနဲ့  ခွီး………
ရီချင်တာမနည်းထိန်းလိုက်ရတယ် 😅

ကျွန်တော့်ကိုမြင်တော့..

“အော်…….
ခွန်း…..နိုးပြီလား…လာလေ…”

” ကိုရှိုင်း….ဘာချက်မလို့လဲ…”

” အော်…အဖွားဟင်းချက်တာ
တစ်ယောက်ထဲ ဆိုတော့
ကိုယ်လာကူတာ….
အဖွားက ချဥ်ပေါင်ရွက်ဟင်းချက်မယ်ဆိုလို့ ကိုလည်း ကူညီလိုရတဲ့ချဥ်ပေါင်ရွက်ပဲသင်လိုက်တာ 😁”

” မေရီ ချဥ်ပေါင်ဟင်းဆို သားပဲချက်လိုက်မယ်….မေရီးနားရင်နာတော့..”

” ဖြစ်ပါ့မလား… “

” ဟာ…..မေရီကလည်း ဒေါ်ရင်ရင်အေး သားပါ မေရီးလိုမျိုး ချဥ်ပေါင်ရွက် ရေလုံပြုတ်ဟင်းမဟုတ်တာတော့သေချာတယ်..😁”

” အောင်မလေး..ငါ့နှယ်…..

အဆိုလည်း  အဲ့ဟင်းတစ်မျိုးပဲကျန်တာ ငါ့မြေးချက်ရင်ချက်လိုက်တော့
မေရီး ဟိုဘက်ခနသွားလိုက်ဦးမယ်…”

” ဟုတ်ကဲ့ပါဗျာ…😁”

နှစ်ယောက်ချဥ်ပေါင်ရွက်သင်ပြီးတော့
မုလာဥ လှီးသူကလှီး ဒန်းသလွန်းသီးခွာသူကခွာ လိုတာတွေအကုန်လုပ်ပြီးမီးဖိုးပေါ်တင်းပြီးကြတော့….

” မွှေးလိုက်တာ…ခွန်း.. ခွန်းက အလိုတွေလည်းရတာလား….”

” ဟား ရတာပေါ့ဗျ ဒီတစ်မျိုးပဲ ချက်တတ်တာမဟုတ်ဘူး….ကျွန်တော်က အကုန်လုပ်တတ်တယ်..မလုပ်ချင်လို့ မလုပ်တာပဲရှိတာ…😙😁”

” ……😁…..”

” အဟင်း….”

” အော်…ဟယ်ရီ နိုးရင် မင်းရေချိုးရင်ချိုးတော့လေ….ကိုရှိုင်းရောပဲ
ကျွန်တော်နဲ့  သားသားက နောက်မှပဲ ချိုးလိုက်တော့မယ်..”

” အင်..ကိုယ်တို့အရင်ချိုးနှင့်လိုက်မယ်..😁”

စစ်..” 😊”

ဟယ်ရီ..”😟”

စစ်ခွန်းတစ်ယောက် ဒီနှစ်​​မွေး​နေ့မှာ
အရမ်းပျော်နေခဲ့တာတော့သေချာတယ်…..

ညစာစားတော့…

” အဘ ချဥ်ပေါင်ရွက်ဟင်းဘယ်လိုလဲ..ကောင်းလား..သားချက်ထားတာလေ…..😁”

” ကောင်းပါ့…ကောင်းပါ..”

” ဝါး……..ကိုကို ဒါကကိုကိုချက်ထားတာလား….အရမ်းကောင်းတာပဲ 👍”

” ခွန်း.. တကယ်..မင်းချက်တာလား
ဒီ..ချဥ်….ဘာ…အော်…..ချဥ်ပေါင်ရွက်ဟင်းဆိုတာလေ..”

” အင်း…ငါတစ်ယောက်ထဲတော့လည်းမဟုတ်ပါဘူး….☺”

ညစာစားပြီးတော့ ရွာနဲ့နီးတဲ့ ထန်းတောလိုက်ပို့တော့ ဟယ်ရီက ထန်းရည်သောက်ချင်တယ်အတင်းလုပ်နေလို့မနက်ပြန်ရမှာ  ရန်ကုန်ရောက်မှသောက်ပါအတင်းတားပြီး ထန်းရည်ဘူးလက်ဆောင်ပေးလိုက်မယ်ဆိုမှကျေနပ်သွားတော့တယ်.
ရွာက အမျိုးတွေရော မမျိုးတာတွေရော လိုက်နှုတ်ဆက်တော့ ထမင်းတွေအတင်းကျွေးနေကြလို့ အားနားနားနဲ့ပဲညင်းရတယ်…

အိမ်ရောက်တော့…..

” ခွန်း..မင်းတို့ရွာက လူတွေ တော်တော်သဘောကောင်းတယ်နော်..
ကျုပ်တော့ သဘောကျတယ်သိလား 😂”

” ဟယ်ရီကောင်…..”

” သားသား ကိုကိုတို့ရွာ သဘောကျရဲ့လား “

” အင်းကျတယ်…အရမ်းသဘေကျတယ်…အရမ််းပျော်ဖို့ကောင်းတာပဲ ..😁”

အိပ်ယာခင်းနေရင်း…

” ကိုကို  သားသား က ကိုကိုနဲ့ ဖေဖေနဲ့ နဲအတူအိပ်မှာ  ဦးဦးနဲ့အိပ်ဖူး..
ဦးဦးက ငြိမ်ငြိမ်လဲအိပ်ဖူး…
ဟိုကန်ဒီကန်နဲ့……
တစ်ခါတစ်ခါ​ဟောက် ရင်လည်း သားသားလန့်သွားတယ်…ဖေဖေနဲ့ကိုကိုနဲ့ အတူအိပ်မယ်လေ….နော်…နော်….
နော်လို….”

ဟယ်ရီ… ” ရှိုင်းစစ် မင်း တော်တော်များနေပြီနော် 😈”

” ဘာဖြစ်လဲ..သားက အမှန်ပြောတာကို…”

ညအိပ်တော့……

သားသားက ကျွန်တော်နဲ့ ကိုရှိုင်းကြားထဲမှာ….ဟယ်ရီက ကျွန်တော်ဘေးက….. ရှိုင်းလေး ရင်ဘက်ပေါ်လက်တင်ပြီး ရှိုင်းလေးဘက်လှည့်အိပ်နေတုန်း ကျွန်တော့်လက်ပေါ်တင်လာတဲ့ ကြီးမားပြီး နွေးထွေးတဲ့လက်တစ်ဖက်…….

Zawgyi…….

ရှိုင်းခေတ်…



” ဒီလိုလေ..သားသားရဲ့

” အော်….”


” wow……ဟုတ်ကဲ့
😁”


” အော်…ဟုတ်ကဲ့ပါဗျာ…..
Sorry ပါ sorry sorry…”


ဟလား အန် …ပိစိစုတ် “

” ဘာဖြစ်လဲ. လိုက်မှာပဲ
ဟုတ်တယ်နော် ကိုကို..
ကိုကိုက အတော်ဆုံးပဲ….😁 “

.
.
.
.
.
.
.
.
.



တောင်အောက်ဈေးတန်းထဲတွင်…

စစ်ခွန်း….

ရွှေစက်တော်ရောက်
အမှတ်တရ အိကျီ


သေချာတော့မသိပါဘူး….”

ဒီကလေးဟာလေ တစ်ချိန်လုံး ကျွန်တော့် နားပဲကပ်ပြီး သူ့အဖေကိုရှိတယ်လို့တောင်မသတ်မှတ်ဖူး.မသိရင် ကလေးအဖေက ကျွန်တော်ကျ​နေတာပဲ…ဟိုနှစ်ယောက်ကတော့ လူပျိုပေါ့ 🙄.

.
.
.
.
.
.
.
..
.
.
.
.
.
.
.
.
.
ရှိုင်းခေတ်


ငါဘယ်လိုလုပ်ရပါ့မလဲ……..
မဟုတ်ဘူး…ငါမမှားဘူး…..
ငါမမှားဘူး…….


December 27….11:50 pm


.
.
.
.
စစ်ခွန်း……..





” ဆိုပါတော့…. “


12:00 AM..ထိုးပြီး

” Happy birthday ပါ “

1 စက္ကန့်
2 စက္ကန့်
3 စက္ကန့်
4 စက္ကန့်
5 စက္ကန့်

မင်းက တကယ်ကို အရူးကောင်ပဲ…အရူးတောင်မှနောက်ဆုံးအဆင့်အရူး..ဟက်….



” ကျေး…………
ကျေးဇူးပါ…..😥…”


” အင်း…
ဝင်ရအောင်လေ…”

.
.
.
.
.
.
.
.
.
.
.
.


.
မြသလွန် ရောက်တော့…



.
.
.
.
ဖွင့်ကြည့်လိုက်တော့……

ကြည့်တာနဲ့  ဘရန်းး. ဖြစ်မဲ့ပုံ…

” ကျေးဇူးပါကွာ……. 😊”



အဖိုအဖွားတို့အိမ်ဘက်ပဲသွားတယ်.ရွာမှာကျွန်တော်တို့အိမ်က ရန်ကုန်လာတည်းကအ​မေတို့က အိမ်ကိုရောင်းပစ်ခဲ့တော့ အဘတို့ မေရီးတို့အိမ်ပဲရှိတော့တယ်…ဒါမဲ့လည်း စိတ်မပူပါနဲ့ နေစရာတစ်အိမ်ပဲ့ရှိတာမဟုတ်ပါဘူး……တစ်ရွာလုံးနီးပါးက လက်ညှိုးထို့မလွဲ အကုန်ကို့အမျိုးတွေချည်းပဲကို 😂



“  မေရီး အဘ…..  😂 “

ဘယ်လိုရောက်လာတာလဲ “

ရွာဝင်လာတာ…”

” အော်…..”

” ဖွားဖွား….မဂ်လာပါ….
သားသားက ရှိုင်းစစ်ပါ  😊”

စကားကလည်းတတ်…”

အဘ..”  အိမ်ထဲဝင်ကြလေ…



အဘ “အေးအေး……….
မင်းတို့အေးဆေးနေကြ

” ဟုတ်အဘ..”



” အေးပါအေးပါ…

           လုပ်ပေးမယ်….”




ရှိုင်းခေတ် ……



” ဟုတ်ကဲ့ပါအဖွား…”



ဟယ်ရီ..” ရပါတယ်ကွာ…
ဟုတ်တယ်မလား ကိုငယ်….”


စစ်ခွန်း….



“အော်…….
ခွန်း…..နိုးပြီလား…လာလေ…”


” အော်…အဖွားဟင်းချက်တာ
တစ်ယောက်ထဲ ဆိုတော့
ကိုယ်လာကူတာ….

” မေရီး… ချဉ်ပေါင်ဟင်းဆို သားပဲချက်လိုက်မယ်….မေရီးနားရင်နာတော့..”

” ဖြစ်ပါ့မလား… “


” အောင်မလေး..ငါ့နှယ်…..


” ဟုတ်ကဲ့ပါဗျာ…😁”




” ……😁…..”

” အဟင်း….”



စစ်..” 😊”

ဟယ်ရီ..”😟”


ညစာစားတော့…


” ကောင်းပါ့…ကောင်းပါ..”





အိမ်ရောက်တော့…..


” ဟယ်ရီကောင်…..”


” အင်းကျတယ်…အရမ်းသဘေကျတယ်…အရမ်းပျော်ဖို့ကောင်းတာပဲ ..😁”

အိပ်ယာခင်းနေရင်း…

ဟိုကန်ဒီကန်နဲ့……
နော်လို….”



ညအိပ်တော့……


Tags: read novel Forever Ðÿ’Š (Unicode And Zawgyi) Completed ၂၁, novel Forever Ðÿ’Š (Unicode And Zawgyi) Completed ၂၁, read Forever Ðÿ’Š (Unicode And Zawgyi) Completed ၂၁ online, Forever Ðÿ’Š (Unicode And Zawgyi) Completed ၂၁ chapter, Forever Ðÿ’Š (Unicode And Zawgyi) Completed ၂၁ high quality, Forever Ðÿ’Š (Unicode And Zawgyi) Completed ၂၁ light novel, ,

Comment

Leave a Reply

Chapter 22